Website တစ်ခု၏ အမြန်နှုန်း အရေးပါပုံ

website တစ်ခုရဲ့ အမြန်နှုန်းဟာ အရေးကြီးပါတယ်၊ တိုင်းတာချက်များအရ ကိုယ့်ရဲ့ website ကို လာကြည့်တဲ့သူတွေဟာ ၄ စက္ကန့်အတွင်းမှ မပေါ်လာရင် အဲဒီ site ကို မကြည့်တော့ပဲ ပိတ်လိုက်ကြပါတယ်တဲ့၊ အဲဒါအပြင် အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ Google ပါပဲ Google က မြန်တဲ့ site တွေကို ကြိုက်နှစ်သက်ပါတယ်၊ key word ချင်းတူရင်တောင် အမြန်နှုန်းပိုမြင့်တဲ့ site ကို search result မှာ အပေါ်ဖက်ကိုကျတဲ့ နေရာမှာ ဖော်ပြပေးပါတယ်။

Website ၏ ကောင်းကျိုးများ

website တစ်ခုလုပ်တော့မယ်ဆိုရင် ဘာကောင်းကျိုးတွေ ရနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်၊ အဲဒီကောင်းကျိုးတွေကို အောက်ပါလင့်ခ်မှာ ဖော်ပြထားပါတယ်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသာဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ သွားရောက် ဖတ်ရှုချင်ရင်တော့ website knowledge မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။