Showing posts with label web-design-tutorials. Show all posts
Showing posts with label web-design-tutorials. Show all posts

Website ရေးနည်း အပိုင်း (၄ + ၅) - html5 and css3

မင်္ဂလာပါ၊

Singapore Web Design website (web-designer.sg) ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

အရင်တစ်ခေါက်က ရေးတာတော့ တော်တော်လေးပြီးနေပါပြီ၊ ကျွန်တော်တင်ပေးတဲ့ video သင်ခန်းစာတွေကို တောက်လျှောက်လုပ်လာတဲ့လူကတော့ ဒီအချိန်မှာ website တစ်ခုရဲ့ စာမျက်နှာ တစ်ဝက်လောက် ပြီးနေမှာပါ၊ အခုတင်ပေးမယ့် သင်ခန်းစာ နှစ်ခုနဲ့ပါပေါင်းလိုက်ရင်တော့ website တစ်ခုရဲ့ စာမျက်နှာ လေးပုံ သုံးပုံလောက်တောင် ပြီးနေမှာပါ။

 အရင်တုန်းက တစ်ပတ်ကို သင်ခန်းစာ တစ်ခုပဲ တင်ပေးပေမယ့် ဒီနေ့တော့ video သင်ခန်းစာ နှစ်ခု တင်ပေးလိုက်ပါတယ်။ အားလုံးပဲ လိုက်လုပ်ကြည့်ပါဦး၊ video သင်ခန်းစာတွေ ပြီးရင်လည်း ကျွန်တော် ရေးထားတဲ့ website files တွေ အားလုံးကို တင်ပေးပါ့မယ်။ ဒီတစ်ပတ်အတွက် video သင်ခန်းစာတွေကတော့ ...

HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃)

Singapore Web Design (web-designer.sg) website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် http://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။ အဲဒါကို အခက်အခဲရှိနေဦးမယ်ဆိုရင်လည်း သိပါရစေ၊ comment ချန်ခဲ့ပါ၊ တစ်ခြားနေရာမှာ တင်ပေးလိုက်ပါမယ်။ အရင်က သင်ခန်းစာတွေ ပြန်ကြည့်ချင်တယ်ဆိုရင်တော့ အပိုင်း (၁) HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁) အပိုင်း (၂) Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)

အပိုင်း (၃) video ကတော့ အောက်မှာပါ



HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃) မှ ကူးယူ ဖော်ပြပါသည်။

Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)


အရင် တစ်ခေါက်က html5, css3 နဲ့ website ရေးနည်း သင်ခန်းစာ ကို ကြည့်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ main menu ရေးပုံကို သင်ပြပေးထားပါတယ်။ Singapore Web Design (web-designer.sg)ဆိုက်ကို နမူနာ ထားပြီးတော့ ရေးနည်း သင်ပေးထားတာပါ။ အခက်အခဲရှိရင်တော့ comment ရေးခဲ့ပါ။ အရင်တစ်ခေါက်က video ကြည့်ပြီး တစ်ချို့လည်း feed back လေးတွေပေးကြတယ်၊ အသံက သိပ်မရှင်းဘူးတို့၊ code တွေကို သိပ်မမြင်ရဘူးတို့ပေါ့ဗျာ၊ ပြီးတော့ စကားပြောတာ ပြောချင်သလိုမပြောချင်သလို ဖြစ်နေတယ်တဲ့ :D အဲဒါတွေအားလုံးက video ကို download လုပ်ရင် မကြာအောင်လို့ အတတ်နိုင်ဆုံးအချိန်ကို ချုံ့တဲ့ သဘောပါ၊ video minutes တွေ မကြာအောင်၊ မများအောင်၊ စကားကို မြန်မြန်ပြောရပါတယ်။ အဲဒါကြောင့် စကားက ပြောချင်သလို မပြောချင်သလို ဖြစ်နေနိုင်ပါတယ်။ နားမလည်လိုက်ရင် ပြန်ရစ်ပြီး နားထောင်ပေးပါ။ အသံသိပ်မရှင်းလိုက်တာမျိုးဆိုရင် ပြန်ပြန်ရစ်ပြီး နားထောင်ပါ၊ နားလည်သွားပါလိမ့်မယ်။ code တွေကို သေချာမမြင်ရတာမျိုးဆိုရင်တော့ video ကို full screen ချဲ့ပြီးကြည့်ပါ၊ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က download လုပ်ပြီးသွားရင်လည်း download လုပ်ရတာ အခက်အခဲရှိတဲ့သူတွေကို မျှဝေပေးပေါ့ဗျာ။ သူများကို ပေးကမ်းတဲ့အလုပ်က မြင့်မြတ်သူတွေမှ လုပ်နိုင်တာတဲ့ဗျ။


Credit: Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ (by using HTML5 and CSS3)

HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁)

မင်္ဂလာပါ၊ အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ (web-designer.sg) website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကို အောက်ကပုံမှာ ဝိုင်းပြထားတာလေးကို နှိပ်လိုက်ရင် အကျယ်မြင်ရပါပြီ။

  youtube full screen   

 သင်ခန်းစာ Video ကြည့်မယ်ဆိုရင်တော့ အောက်မှာပါ။


Credit: HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁)

How to make a blogger website

မင်္ဂလာပါ..
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကိုယ်ပိုင် blogger website ပြုလုပ်ပုံကို သင်ပေးမှာ ဖြစ်ပါတယ်။ သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့ ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့် ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။
ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။
ခင်ဗျားတို့ကရော blogger ကို ဘာကြောင့် ရွေးသင့်သလဲဆိုတော့ အဓိက အကြောင်းအရင်းကတော့ google ပါပဲ။ Blogger က google product တစ်ခုဖြစ်တဲ့အတွက်ကြောင့် google ရဲ့ မျက်နှာသာပေးခြင်း ခံရပါတယ်။ ဘယ်လိုမျက်နှာပေးခံရလဲဆိုတာကိုတော့ အောက်ပါလင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

How to Install Joomla Website

အရင်တစ်ခေါက်က XAMPP ကို Install လုပ်တာကို ရှင်းပြပြီးခဲ့ပါပြီ။ တကယ်လို့ အဲ့ဒီpost ကိုမဖတ် ရသေးဘူး ဆိုရင် How to install Xampp XAMPP Install လုပ်တာကိုအရင်သွား ဖတ်စေချင်ပါတယ်။  ဒီတစ်ခေါက်မှာတော့ Joomla website တစ်ခုကို Installation လုပ်တာကို သင်ပြသွားမှာဖြစ်ပါတယ်။ Joomla website ပုံစံကို လေ့လာဖို့အတွက် အရင်ဆုံး web-designer.sg ဝဘ်ဆိုက်ကို သွားပြီး စာမျက်နှာနဲ့ တည်ဆောက်ပုံတွေကို လေ့လာရပါမယ်။ ပြီးရင်တော့ Joomla Install လုပ်ပုံကို အောက်ပါအတိုင်း ဆက်လေ့လာပါ။

Download w3schools.com for offline

ဟိုတစ်နေ့က အွန်လိုင်းမှာ စကားပြောဖြစ်တဲ့ထဲက တစ်ယောက်က w3schools.com ကို ဝင်ကြည့်ရတာ အခက်အခဲရှိတယ်၊ အချိန်ပြည့် ကြည့်ဖို့ အဆင်မပြေဘူးဆိုလို့ offline ကြည့်လို့ရမယ့် version လေး ကျွန်တော့်မှာ ရှိနေတာနဲ့ပဲ တင်ပေးလိုက်ပါတယ်။ ဒေါင်းလုဒ်လုပ်ချင်တယ်ဆိုရင်တော့ အောက်က လင့်ခ်မှာ ဒေါင်းလုဒ်လုပ်ပါ။ Link ကိုနှိပ်လိုက်တာနဲ့ download ကျပါတယ်။ ဒေါင်းလုဒ်လင့်ခ်ကတော့

Website lay-outing with css

မင်္ဂလာပါ ...

ဒီတစ်ပိုင်းကတော့ website ရေးခြင်းရဲ့ နောက်ဆုံး အပိုင်းဖြစ်ပါတယ်၊ ကျွန်တော် တင်ပေးထားတဲ့ သင်ခန်းစာတွေကို တောက်လျှောက် လိုက်လုပ်တဲ့လူဆိုရင်တော့ အခု သင်ခန်းစာ ပြီးရင် website တစ်ခုကို ရေးတတ်မှာ သေချာပါတယ်။ ဒီ post အခုမှတွေ့တဲ့လူတွေအတွက်လည်း အရင်သင်ခန်းစာတွေကို ပြန်ညွှန်းပေးပါ့မယ်။


အပိုင်း (၁) --- Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)
အပိုင်း (၂) --- Coding header of Myanmar Web Designer
အပိုင်း (၃) --- Coding main menu of Myanmar Web Designer
အပိုင်း (၄) --- Coding footer of Myanmar Web Designer
အပိုင်း (၅) --- jQuery slider တစ်ခု ဖန်တီးခြင်း (Create a jQuery slider)

ဒီနေ့ video ကတော့ သုံးပိုင်းရှိပါတယ်၊ သုံးပိုင်း ဆိုလို့ လန့်မသွားပါနဲ့ သုံးခုပေါင်းမှ ၂၇ မိနစ်လောက်ပဲ ရှိတာပါ၊ အဲဒီ video တွေကတော့ -

jQuery slider တစ်ခု ဖန်တီးခြင်း (Create a jQuery slider)

မင်္ဂလာပါ ...

အရင်တစ်ပတ်ကတော့ ကျွန်တော်တို့ Myanmar Web Designer ရဲ့ main body အပိုင်းကို ချန်ထားခဲ့ပြီး footer ကို အရင် သင်ပြပေးခဲ့ပါတယ်၊ ဒီတစ်ပတ်မှာတော့ main body ထဲက content တွေကို layout ချ တာကို သင်ပြပေးမှာဖြစ်ပါတယ်။

အခု သင်ခန်းစာကို ဘယ်သူတွေ လိုက်နိုင်မလဲ ?

အခု ပြောပြပေးမယ့် သင်ခန်းစာကိုတော့ အောက်က အပိုင်း ၁၊ ၂၊ ၃၊ ၄ တွေကို ဖတ်ကြည့်ပြီး လိုက်လုပ်ဖူးတဲ့ လူတိုင်း လိုက်နိုင်မှာ ဖြစ်ပါတယ်၊

အပိုင်း (၁) --- Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)
အပိုင်း (၂) --- Coding header of Myanmar Web Designer
အပိုင်း (၃) --- Coding main menu of Myanmar Web Designer
အပိုင်း (၄) --- Coding footer of Myanmar Web Designer

ဒါဆိုရင် ကျွန်တော်တို့ သင်ခန်းစာ စလိုက်ကြရအောင်ဗျာ ...

Create footer of Myanmar Web Designer

မင်္ဂလာပါ ...

ဒီတစ်ပတ်တော့ အားလပ်ရက် ပိုရလို့ ကျွန်တော် footer အတွက်ပါ video record လုပ်ထားလိုက်ပါတယ်။ ဒီသင်ခန်းစာက website တစ်ခု တည်ဆောက်ခြင်းရဲ့ အပိုင်း (၄) လို့ ပြောလို့ရပါတယ်။ ကျန်အပိုင်းများကို မဖတ်ဖူးသေးရင် ဒီသင်ခန်းစာကို မလေ့လာခင် ကျန်အပိုင်း သုံးပိုင်းကို အရင်ဖတ်ရမှာဖြစ်ပါတယ်၊ ကျန်တဲ့အပိုင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အပိုင်း (၁) --- Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)
အပိုင်း (၂) --- Coding header of Myanmar Web Designer
အပိုင်း (၃) --- Coding main menu of Myanmar Web Designer

အပိုင်း (၁)၊ (၂)၊ (၃) ကို ဖတ်ပြီးသားလူတွေကတော့  အခုသင်ခန်းစာအတွက် အောက်က video ကို ကြည့်ပါ။

Creating mainmenu of Myanmar Web Designer

မင်္ဂလာပါ …

အရင်တစ်ခေါက်ကတော့ ကျွန်တော်တို့ "Coding header of Myanmar Web Designer"
ကို ရေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒီတစ်ခေါက် post မှာတော့ mainmenu အပိုင်းကို ရေးမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ “firebug” addon ကို မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုပုံကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်၊ ဒီတစ်ခါ firefox addon နောက်တစ်ခုကို ကျွန်တော် မိတ်ဆက်ပေးမှာဖြစ်ပါတယ်၊ firefox addon ဖြစ်တဲ့အတွက် firefox မှာပဲ အလုပ်လုပ်မှာပါ၊ တစ်ခြား browser တွေအတွက်လည်း ရှာရင်တော့ ရှိနိုင်ပါတယ်၊ အဲဒီ addon ကတော့ ...

Create header of Myanmar Web Designer

မင်္ဂလာပါ …

ဒီတစ်ပါတ်တော့ ကျွန်တော်တို့ html နဲ့ css code တွေကို စရေးရပါတော့မယ်။ မရေးခင် ဘယ် language က ဘာအတွက် သုံးတယ်ဆိုတာလေး ပြောချင်ပါတယ်။ html ဆိုတာကတော့ “Hyper Text Markup Language” ရဲ့ အတိုကောက်ဖြစ်ပြီးတော့ website မှာ content (စာ, ဓာတ်ပုံ, ..) တွေထည့်ဖို့ သုံးရတဲ့ language ဖြစ်ပြီးတော့၊ css (Cascading Style Sheet) ကတော့ style sheet ဆိုတဲ့အတိုင်း html က ထည့်ထားတဲ့ content တွေကို ပုံစံပြောင်းခြင်း၊ အလှဆင်ခြင်း အစရှိတာတွေကို လုပ်နိုင်တဲ့ language ဖြစ်ပါတယ်။

ဒီသင်ခန်းစာကို ဘယ်လိုလူတွေ လိုက်နိုင်မလဲ?

ဒီသင်ခန်းစာကို “Analyzing a website” ကို ဖတ်ဖူးတဲ့လူတွေ လိုက်နိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာ အကျယ်

Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)

သင်ခန်းစာ အကျဉ်း

ဒီ post ဟာ website ရေးခြင်းကို စိတ်ဝင်စားတဲ့ လူတွေအတွက် ပထမဆုံး ခြေလှမ်းဖြစ်မယ်ထင်ပါတယ်။ အခု သင်ခန်းစာမှာ website တစ်ခုရဲ့ တည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေက ဒီသင်ခန်းစာကို လိုက်နိုင်မလဲ?

အခု သင်ခန်းစာကို website တစ်ခုကို မြင်ဖူးတဲ့လူတိုင်း လိုက်နိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာ အကျယ်